ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား ကျောက်တန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ ဆေးရုံ၌ ယနေ့နံနက် ၉ နာရီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အခြေခံ လူဦးရေစာရင်း ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် အခြေခံ လူဦးရေစာရင်း ပြုစုခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ယမန်နေ့ မွန်လွဲ ၂နာရီ ၄၅မိနစ် အချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

စဉ့်ကိုင်မြို့နယ် ကျွန်းဦးကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့တွင် သတ္တမအကြိမ် မြစိမ်းရောင်စီမံကိန်းချေးငွေများ ပြန်လည်ထုတ်ချေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုး  တိုးတက်လာစေရန်နှင့် မြို့ပြနှင့် ကျေးလက်ကွာဟမှု လျော့နည်းလာစေရေးအတွက် ရည်ရွယ်ပြီး   ယမန်နေ့မွန်းလွဲ(၁) နာရီက  ကျွန်းဦးကျေးရွာနှင့်  ညောင်ပင်သာကျေးရွာတို့တွင်   အသင်းသား/ အသင်းသူများအား (သတ္တမ) အကြိမ်မြောက်  ချေးငွေကျပ် (၉၅၅၄၀၀၀ဝိ/-) ကျပ်  ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာနတွင် Womew Club အဖွဲ့မှ စာဖတ်ဝိုင်း ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က Womew Club အဖွဲ့မှ စာဖတ်စွမ်းရည် ၊ အသိပညာဗဟုသုတနှင့် အတွေးအမြင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒို့ကျေးရွာ  အတွဲ(၁၉)အမှတ်(၃)မှ ဒေါက်တာမြင့်သန်းထွန်း ရေးသားသော စိတ်ကြောင့်ဖြစ်သောရောဂါများကို ကြိုတင်ကာကွယ်ပါ ၊ ပေါက်ပေါက် ရေးသားသည့်  ဆောင်းသီးနှံ ပဲမျိုးစုံနှင့်ကျန်းမာရေး ၊ ဇင်နိုင်ခန့် ရေးသာသည့် လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူး စသည့် ဆောင်းပါးဖြင့်  စာဖတ်ဝိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော တောင်ဇင်းအုပ်စု ကောင်းပင်စည်ကျေးရွာ တဲက တော်တဲတိုက်သို့ ဖေဖော်ဝါရီ ၂၅ရက်၊နံနက် ၉နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်ခရိုင်၊ပုလောမြို့နယ် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask  များ စနစ်တကျ တပ်ဆင် သွားလာ ရေး Mask Campaign ပြုလုပ်ခြင်း ကို ဖေဖော်ဝါရီလ ၂၅  ရက်နေ့ နံနက် ၈နာရီ က ပုလောမြို့နယ်ခန်းမရှေ့ မြိတ်-ထားဝယ်ပြည်ထောင်စု ကားလမ်း မကြီး၌ ပြုလုပ်ခဲ့ကြသည်။

ပုလောမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေး အတွက် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို  ပုလောမြို့နယ်ခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်တွင် ယနေ့နံနက် ၃ နာရီ ၅၀ မိနစ်အချိန်ခန့် က ဆေးလိပ်မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု သုံးသိန်းရှစ်သောင်းတစ်ထောင်ကျော် ထိုးပေးပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးနိုင်မှု အခြေအနေ ဖေဖော် ဝါရီ ၁၈ရက်နံနက်ပိုင်းအချိန်ထိ ၃၈၁၀၈၁ ဦးထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းက ကျန်းမာရေး စောင့်ရှောက်မှုများအား ကြိုတင်ပြုစု စောင့်ရှောက်ပေးနိုင်ရန်အတွက် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂) အခြေခံပညာအ ထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချလျက် ရှိကြောင်း သိသည်။
Subscribe to