လသာမြို့နယ်တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ အထက (၂) လသာကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြင်စလူမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

ကျွန်းစုမြို့တွင် စားသောက်ဆိုင်များနှင့် ဈေးဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ဈေးဆိုင်များမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့ နံနက်(၈)နာရီအချိန်က ဈေးအတွင်းရှိ ဆိုင်များနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်များက ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ရောင်းချနေမှု ရှိ/မရှိ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mobile ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပလောက်မြို့၊ နယ်မြေရဲစခန်းအရှေ့၊ ထားဝယ်-မြိတ် ကားလမ်းမကြီး၌ ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များမှ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ် ရှိ/မရှိစစ် ဆေးခြင်းနှင့် လက်မှတ်မရှိသူ များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနိုင်း အစည်းအဝေး (၇/၂၀၂၂) တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၇/၂၀၂၂)ကို ယမန်နေ့ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆင်ပေါင်ဝဲမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်၊ အမှတ်(၁၊၂၊၃)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တား ဆီးထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး အရှိန်အဟုန်မပျက် ဆောင်ရွက်လျက် ရှိပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် စိုက်ပျိုးရေရရှိရေး ညှိနှိုင်းဆွေးနွေးပွဲနှင့်  Victory Garden တိရစ္ဆာန် ဥယျာဉ်နှင့် အပန်းဖြေပန်းခြံအား တက်ရောက်ဖွင့်လှစ်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ လယ်ယာမြေဧက ၁၀၀၀၀ ကျော်အတွက် ရေလွှဲဆည်တစ်ခု တည်ဆောက်ပေးပြီး စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

ညောင်ဦးခရိုင်မှ ကျောင်းသားကျောင်းသူ (၁၈၃၇)ဦး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုမည်

လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် ကျောင်းသား ကျောင်းသူ ၁၈၃၇ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်စုစုခင်ထံက သိရသည်။

ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများ၊ ရွှေဆိုင်လုပ်ငန်းရှင်များနှင့် တရားဝင် စက်သုံးဆီဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဌာနဆိုင်ရာများ၊ ရွှေဆိုင်လုပ်ငန်းရှင်များနှင့် တရားဝင် စက်သုံး ဆီဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက ပုသိမ်မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့တွင် ကမ်းပြိုကာကွယ်ရေးအတွက် ကျောက်စီမြေထိန်းနံရံ တည်ဆောက်မှုလုပ်ငန်း ၉၀ ရာခိုင်နှုန်းကျော်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေချောင်းတံတားအနီးတွင် ရွှေချောင်းရေကြီးပြီး ကမ်းပါးပြိုကျမှု အန္တရာယ်မှ ကင်းဝေးစေရေးအတွက် ကာကွယ်နိုင်ရေးအတွက် ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပေးလျက်ရှိရာ ယခုအခါ ၉၀ရာနှုန်းကျော် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Subscribe to