မြောက်ဦး ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ လူစည်ကားရာ နေရာများရှိ လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း Mask Campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြောက်ဦးမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းများမှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော Covid-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ မြို့ပေါ်ရပ်ကွက်နေ မိဘပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း နှာ ခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်သွားလာကြရန် အသိပညာပေး ခြင်း၊နှာခေါင်းစည်း (Mask)များစနစ်တကျ တပ်ဆင်စေခြင်များ အလေးထား လိုက်နာကြရန် ပြုလုပ် ဆောင်ရွက်ခဲ့ပြီးနောက် ဈေးရောင်းဈေးဝယ်လာသူများ၊ လမ်းသွားလမ်းလာများ၊ အငှားယာဉ်မောင်း၊ သုံးဘီးဆိုင်ကယ် မောင်းနှင်သူများ၊ ထွေလာဂျီမောင်းနှင်သူများနှင့် ခရီးသွားပြည်သူများကို နှာခေါင်းစည်း Mask တတ်ဆင်သွားလာ စေခြင်းများ၊ နှာခေါင်းစည်း(Mask) မပါရှိ သူများအား နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)