ဝါးခယ်မမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်အား စားသုံးသူရေးရာဦးစီးဌာနအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ဝါးခယ်မ ဖေဖေါ်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အဝင်လမ်းမရှိ ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်တွင် နိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလှဲလှယ်နှုန်းထားအတိုင်း စက်သုံးဆီများအား သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား ယမန်နေ့ နေ့လည် ၂ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူဌာနဆိုင်ရာများ အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စက်သုံးဆီများကို နိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် ရောင်းချနေမှု မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိမှု သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရီရီလွင်