ဖျာပုံမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်(၂)ခု ဖွင့်လှစ်၍ လုံခြုံရေးကိစ္စရပ် စစ်ဆေးဆောင်ရွက်

ဖျာပုံ ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် (၂)ခု ဖွင့်လှစ်၍ လုံခြုံရေးကိစ္စရပ် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၆)နာရီ အချိန်မှ စတင်၍ ဖျာပုံ- ကျိုက်လတ်ကားလမ်းမကြီးပေါ် စစ်ဆေးရေးဂိတ် (၂)နှင့် ဖျာပုံဒေးဒရဲမြို့ထွက် ဖျာပုံတံတားအဆင်း စစ်ဆေးဂိတ်(၁)တို့တွင် မြို့နယ်လုံခြုံရေးတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့မှ လုံခြုံရေးကိစ္စရပ်များအား စစ်ဆေးဆောင်ရွက်ကြသည်။

ထိုကဲ့သို့စစ်ဆေးရာတွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ မလိုလားအပ်သော ပြဿာနာများ မဖြစ်ပေါ်စေရေးနှင့် ရာဇဝတ်မှုများ ကျူးလွန်သူများ ဝင်ရောက်ခိုလုံမှုမရှိစေရေး၊ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ၊ ဒုတ်၊ ဓား၊ ဂျင်ကလိ၊ လက်လုပ်သေနပ်၊ အန္တရာယ်ဖြစ်စေနိုင်သော လက်နက်ကိရိယာများ သယ်ဆောင်ခြင်းရှိ/မရှိတို့ကို ဖျာပုံမြို့အဝင် မြို့အထွက်တွင် ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များအား နေ့/ညမပြတ် စစ်ဆေးဂိတ်(၂)ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)