ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံ

ပေါက်တော ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်ပြည်သူများအား ကိုဗစ်-၁၉-ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် (ပထမ)အကြိမ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် ဗျိုင်းသစ် ကျေးလက်ကျန်းမာရေးဌာနစုရပ်တွင် ယမန်နေ့ နံနက်(၉)နာရီက ဆက်လက် ထိုးနှံပေးသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် စနစ်တကျ ထိုးနှံနိုင်စေရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်း ကောက်ယူခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးလက်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြ သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် ကြီးကြပ်မှုဖြင့်  မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်း တာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကိုပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေ ရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး သတ္တမအသုတ် (ပထမ)အကြိမ်ကို ယနေ့တွင် ပေါက်တောမြို့နယ် ဗျိုင်းသစ် ကျေးလက်ကျန်းမားရေး ဌာနစုရပ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူ စုစုပေါင်း(၆၃၀)ဦး  လာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်