ရမ်းဗြဲ ဖေဖေါ်ဝါရီ ၂၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်နှံ့မှုမရှိ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းအချိန်က ရမ်းဗြဲမြို့ပေါ် ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ရာသို့ ရမ်းဗြဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ် တပ်ဖွဲ့စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ လှည့်လည်နှိုးဆော်ရာတွင် ပြည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အပြင်သို့ ထွက်ခွာသွားလာရသည့်အခါ တိုင်းပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးရှိသည့်နေရာများသို့ အသွားအလာ ဆင်ခြင်ကြရန်၊ လူစုလူဝေးမပြုလုပ်ကြရန လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောကြရန်၊ လဘက်ရည်ဆိုင် စားသောက် ဆိုင်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရောင်းချပေးကြရန်၊ ချောင်းဆိုး၊ နှာဆေး၊ ဖျားနာ အသက်ရှူရခက်ခဲခြင်းများ ဖြစ်ပေါ်ပါက ကျန်းမာရေးဌာနသို့ သွားရောက်ပြီး စစ်ဆေးမှုများ ခံယူကြရန်တို့ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)