အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

သထုံ ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည် ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၂ ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က သင်တန်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့်အညီ စွမ်းရည်ပြည့်ဝစွာဖြင့် မိမိတို့ရပ်ရွာ၌ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ကြစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက် ဂုဏ်ပြုခဲ့သည်။

အဆိုပါသင်တန်းကို သထုံခရိုင် မီးသတ်တပ်ဖွဲ့မှူးရုံး၌ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသား အရန် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကိုဦး(ခရိုင်ပြန်/ဆက်)