ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံများ

သုံးခွ ဖေဖော်ဝါရီ ၂၅

ရန်ကုန်‌ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ၏ ရင်တွင်းစကားသံများကို ဖော်ပြပေးလိုက်ပါသည်။

ကျွန်တော်အမည်ကတော့ ဦးတင်စိုးဖြစ်ပါတယ်၊ သုံးခွမြိုနယ် အမှတ်(၁) ရပ်ကွက်မှာ နေပါတယ်၊ အသက်က(၆၁)ရှိပါပြီ၊ ကျွန်တော်အောက်တိုဘာ လကုန်‌ ဖျားလာတယ်၊ ရက်အတိကျ‌ တော့မမှတ်မိဘူး၊ ဖျားပြီး(၃)ရက်လောက် နေတော့ အနံပျောက် သွားတယ် အဲ့ဒါနဲ့ မြို့နယ်ဆေးရုံးကို သွားရောက် စစ်ဆေးတော့ ကိုဗစ်ရောဂါပိုး တွေ့တယ်၊ အဲ့ဒါနဲ့ မြို့နယ်ပြည်သူ့‌ဆေးရုံမှာ‌ ဆေးကုသမှုခံယူခဲ့ပါတယ်၊ ကြောက်တော့ ကြောက်တာပေါ့ ဒါပေမဲ့ ဆရာ၀န် ဆရာမတွေ၊ သားသမီးတွေ အားပေးမှုနဲ့ အားပြည့်ပြီး ဒီရောဂါကို တွန်းလှန်နိုင်မယ် စိတ်ကူးနဲ့ ဆေးကုသမှုခံယူတယ်၊ အချိန်မှန်အိပ်တယ်၊ အချိန်မှန်စားတယ် ဒီလိုနဲ့ ၁၄ရက်ပြည့်လို့ ကျန်းမာရေးကောင်းမွန်ပြီး အိမ်ပြန်လာခွင့်ရခဲ့ပါတယ်။

တစ်ခုကောင်းတာဆိုရင် ကျွန်တော်အနံပျောက်တဲ့အချိန်က မောတာ၊ ကြပ်တာမရှိဘူး၊ ဆီးချိုရောဂါတော့ ၀င်လာတယ်၊ ကျွန်တော်ပြသတဲ့ ဆရာဝန်ကြီးက စိတ်ဓိတ်မကျဖို့ မှားကြားတယ် ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း အာဟာရပြည့်ဝသော အစားအစာများကို အရသာ ရှိရှိ၊ မရှိရှိ အဟာရပြည့်အောင် စားပြီး အိပ်‌ရေး ၀၀ အိပ်ပါတယ်၊ အစားအသောက် စားချင်စိတ် လုံးဝမရှိပါဘူး ဒါပေမဲ့ အာဟာရပြည့်ဝမှ ကျန်းမာတာဖြစ်သောကြောင့် အာဟာရပြည့်ဝအောင် စားသောက်ခဲ့ပါတယ်။

အခုဆို အိုမီခရွမ်ရောဂါတွေ တစ်ခြားနိုင်ငံတွေမှာ ရောက်နေတယ်လို့ TV သတင်းမှာ တွေ့ရတယ်။ အခုဆို သုံးခွမြို့ပေါ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ ပြန်လည်တွေ့ရှိနေပါပြီ၊ ဒါကြောင့် ကိုဗစ်-၁၉ရောဂါ မဖြစ်ပွားအောင် ကျန်းမာရေး၀န်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါ ၊ အပြင်ထွက်တိုင်း Mask တပ်ဖို့၊ မဖြစ်မနေ အပြင်သွားရပါက ကျန်းမာရေးဌာနက လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြဖို့၊ ကိုယ်ခံအားကောင်းအောင် အာဟာရ ဖြစ်စေတဲ့ အစားအသောက်များကို စနစ်တကျ စားသောက်ကြပါ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများကိုလည်း ကာကွယ်ဆေးထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။

မြို့နယ် (ပြန်/ဆက်)

09454083745