ကော့မှူးတွင် နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းရှိ/မရှိ အရှိန်အဟုန်မြှင့် စစ်ဆေး
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း သွားလာကြသော ပြည်သူများအနေဖြင့် နေအိမ်ပြင်သို့ ထွက်ခွာ သွားလာပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းရှိမရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေဆောင်စေကာ နှာခေါင်းစည်း Mask များဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီက တောင်ပိုင်း ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့တွင်စစ်ဆေး ဆောင်ရွက်နေကြောင်းသိရသည်။