ပဲခူးမြို့၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား/ကျောင်းသူ (၂၄၉၃)ဦး ဝင်ရောက်ဖြေဆိုမည်

ပဲခူး ဖေဖော်ဝါရီ ၂၅

ပဲခူးမြို့တွင် ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်မှ ဧပြီလ(၉)ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၄၉၃)ဦး ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းထားကြောင်း သိရသည်။

ပဲခူးမြို့တွင် တက္ကသိုလ်ဝင် စာစစ်ဌာနများအဖြစ် အ.ထ.က (၁) အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(၅) အခြေခံပညာအထက်တန်းကျောင်း (ဆည်မြောင်း)၊ ဘုရားကြီးစာစစ်ဌာန၊ အင်းတကော်စာစစ်ဌာန၊ ထုံးကြီးစာစစ်ဌာန၊ ထန်းတောကြီး စာစစ်ဌာန အပါအဝင် စာစစ်ဌာန(၇)ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

ပဲခူးမြို့အနေဖြင့် ကျောင်းတွင်း ဖြေဆိုသူ (၁၇၈၆)ဦးတွင် အတွဲ(၁)ဖြေဆိုသူ (၇၄၃)ဦး၊ အတွဲ(၂)ဖြေ ဆိုသူ(၇၈)ဦး၊ အတွဲ(၇)ဖြေဆိုသူ(၉၆၅)ဦး၊ ပြင်ပဖြေဆိုသူ(၇၀၇)ဦးတွင် အတွဲ(၁)ဖြေဆိုသူ(၃၆၈)ဦး၊ အတွဲ(၂)ဖြေဆိုသူ (၃၇)ဦး၊ အတွဲ(၇)ဖြေဆိုသူ(၃၀၂)ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ခံ တစ်ဦးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)