ဟင်္သာတ ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်၏ လမ်းညွှန်မှုဖြင့် ဟင်္သာတမြို့နယ်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ဟင်္သာတမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများအား ယနေ့ နံနက် ၁၀ နာရီက မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးဘေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြ သည်။
လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးသွင်ကိုကိုအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဦးဆောင်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးနိုင်နှင့် ဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ