လှော်ကားတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေးအပ်

ရွှေပြည်သာ         ဖေဖော်ဝါရီ     ၂၅                                                         

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွေပြည်သာမြို့နယ်၌  ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်း သက်မှတ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရန်ရည်ရွယ်၍ "လူမှုဘဝပြည်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့  "ပန်းခင်းစီမံချက်ဖြင့် လှော်ကားကျေးရွာရှိလှော်ကားတပ်ဦး ဘုန်းတော်ကြီး သင်ပညာရေးကျောင်းရှိ ကျောင်းသား (၂၄) ဦးနှင့် ကျောင်းသူ (၉) ဦး၊ စုစုပေါင်း (၃၃) ဦးအား နိုင်-၃(က) နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်၍ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က အဆိုပါ လှော်ကားတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း  ရွှေပြည်သာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး  ဦးသက်ဆွေဦးက ပန်းခင်း စီမံချက်ဖြင့်    နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြား၏ အရေးပါပုံ၊ တန်ဖိုးရှိမှု၊ ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၃) ဦးတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ် ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများကိုယ်စား လှော်ကားတပ်ဦးဘုန်း တော်ကြီးသင်ကျောင်း ဆရာတော်က ကျေးဇူးတင် စကား  ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျောင်းများ၊ ရပ်ကွက်၊ နှင့် ကျေးရွာများရှိ ပြည်သူများထံသို့   ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပြီး  မြို့နယ်ဦးစီးမှူးရုံးတွင်လည်း    ကျန်းမာရေးလမ်းညွှန်ချက်များ နှင့်အညီ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)