ရေးမြို့နယ် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ရေး      ဖေဖော်ဝါရီ      ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်  မီးသတ်ဦးစီးဌာနမှ   ယနေ့နံနက် ၁၀ နာရီက  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌   မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းနှင့်    လက်တွေ့ သရုပ်ပြသခြင်းများကို   ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ရေးမြို့နယ် မီးသတ်ဦးစီးမှူး   ဦးဝင်းမြင့်နိုင်မှ    ဆရာမများနှင့်  သင်တန်းသူများအား  မီးလောင်မှု ဖြစ်ပွားစေနိုင်သည့် အကြောင်းအရာများ၊ မီးများကို မပေါ့ဆကြရန်၊ မီးသတိပြုရန်၊ မီးသတ်ဆေးဘူး အသုံပြုရမည့်နည်လမ်းများအား  အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းကျောင်းဝင်းအတွင်း၌   မီးသတ်ဦးစီးမှူးနှင့်   မီးသတ်အဖွဲ့များမှ ဆရာမ များနှင့် သင်တန်းသူများအား လက်တွေ့မီးငြိမ်းသတ်နည်းများ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်(ပြန်/ဆက်)