ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ကျေးရွာသောက်သုံးရေရရှိရေး လုပ်ငန်းများဆောင်ရွက်နေသည့်လုပ်ငန်းများကို ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးဌေးဇော်နှင့် ဝန်ထမ်းများက ယမန်နေ့က လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှု့စစ်ေဆးရာတွင်ပေါက်ခေါင်းမြို့ နယ်အတွင်း ရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် ကျေးလက်ရေရရှိရေး လုပ်ငန်းများဖြစ်သော ချောင်းကျိုးရွာ တွင်းနက်အဝီစိတွင်း တူးဖော်ပေးခြင်းလုပ်ငန်း၊ မြေသားရေကန်တူးဖော်ပေးခြင်းလုပ်ငန်းများ၊ ဘော်ဒါကျေးရွာ အိမ်သွယ်ရေပိုက်လိုင်း ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းနှင့် ခပေါင်း၊ ရွှေတောင်ငွေတောင်၊ ပေါ်လံကြီး၊ ညောင်ဝန်း၊ တောင်လည်ကျေးရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည်များကို တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)