မုဒုံမြို့၌ အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မုဒုံ ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သော အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် နာရီက မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင်  မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးတင့်ဇော်က မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်  ကာကွယ်ရေးလုပ်ငန်း များ၌      သန္ဓေမီးသတ်   တပ်ဖွဲ့ဝင်များနှင့်အတူ   ပူးပေါင်း ဆောင်ရွက်ရမည့် တပ်ဖွဲ့ဝင်များဖြစ်သောကြောင့်  စွမ်းဆောင်ရည်ကို    မြှင့်တင်ပေး ခဲ့သော သင်တန်းဖြစ်ကြောင်း၊    သင်ကြားလေ့ကျင့်ပေးလိုက်သည့်   ပညာရပ်များကို   အကျိုးရှိရှိ အသုံးချပြီးမိမိတို့၏   ရပ်ရွာပြည်သူ့အကျိုး အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ    ဆက်လက်ကြိုးစား ဆောင်ရွက်သွားကြပါရန် အမှာစကားပြောကြားသည်။

ထို့နောက် သင်တန်းတွင် ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များတို့ကို    မုဒုံမြို့နယ်  တပ်နယ်မှူး    ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊   မုဒုံ မြို့နယ်  စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များတို့က အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆိုပါ သင်တန်းကို    ဖေဖော်ဝါရီ ၁ရက်နေ့မှ    ၂၅ ရက်နေ့အထိ  ရပ်ကွက်၊ ကျေးရွာများမှ သင်တန်းသား ၂၅ ဦးတို့က  သင်တန်းတက်ရောက်ခဲ့ကြောင်း  သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)