ကျိုင်းတုံ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးအကြောင်း သိကောင်းစရာများ Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်သန္တာထွေး က ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ပြည်သူများ မွေးစမှ သက်ကြီးရွယ်အိုများ အထိ လူမှုဝန်ထမ်း စနစ်များဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကလေးများ အသက်အရွယ်အလိုက် ခန္တာကိုယ်ကြီးထွားမှုနှင့် ဦးနှောက် ဖွံ့ဖြိုးမှုတွေ ပြည့်မီအောင် ရောက်နိုင်ဖို့ အာဟာရဖွံ့ဖြိုးမှုနှင့် ကျန်းမာရေး အလေ့အထ ကောင်းများ ရရှိပြီး လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေး အထောက်ပံ့ပေးရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ထောက်ပံ့ကြေးများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ အကျိုးခံစားခွင့်ရှိသူ ပြည်သူများ လက်ဝယ်ရောက်ရှိရေး တိကျမှန်ကန်စွာ ရောက်ရှိရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် Mini ဘတ်ဂျက်မှာ ကိုယ်ဝန်ဆောင်မိခင်မှ ကိုယ်ဝန် (၂)လရှိလျှင် ငွေကျပ် (၁၅၀၀၀) နှုန်း၊ ကိုယ်ဝန်(၃)လရှိလျှင် ငွေကျပ် (၃၀၀၀၀)နှုန်း ကိုယ်ဝန်(၃)လအထက် ဆိုလျှင် ငွေကျပ် (၄၅၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားပြီးလျှင် မိခင်အတွက် ထောက်ပံ့ကြေးမရရှိတော့ဘဲ ၎င်းတို့မှ မွေးဖွားလာသည့် ကလေးကို အသက်(၂)နှစ်ပြည့်တဲ့အထိ ထောက်ပံ့ကြေးရရှိမှာဖြစ်ပါကြောင်း စသည့် အသက်(၂) နှစ်အောက် ကလေးသူငယ် များအား ငွေကြေး အထောက်အပံ့ပေးရခြင်း ဖြစ်ကြောင်းအရာ များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် We Love Kyainge Tong Facebook Page တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်