ခရမ်းမြို့နယ်၌ အသက် ၅၅နှစ်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရ၊ ပုဂ္ဂလိက၊ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးအား ပထမအကြိမ် ဆက်လက်ထိုးနှံပေး

 ခရမ်း အောက်တိုဘာ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် နေ့စဉ်နံနက်(၉)နာရီအချိန်က စတင်ပြီး အမှတ်(၂)ရပ်ကွက် သကျမာရဇိန်သွန်းဘုရားကြီးဝင်းအတွင်းရှိ သာသနာ့ဗိမာန်၌ ပထမအကြိမ် အသက် ၅၅နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဦးတည်အုပ်စု (၁၂)စုဖြင့် ပါဝင်သူများကို အလှည့်ကျစနစ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယခုအခါ ခရမ်းမြို့နယ်အနေဖြင့် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးအား ကျန်ရှိနေသော ပြည်သူလူထု များကိုလည်း ဆေးရရှိမှုအပေါ် မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ဦးတည်အုပ်စု (၁၂)စုမှာယခင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအစား အသက် (၅၅)နှစ်မှ (၆၄)နှစ်ရှိ သက်ကြီးဘိုးဘွားများ၊‌ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ volunteer၊ ပရဟိတအသင်းအဖွဲ့များ၊ ဘိုးဘွားရိပ်သာ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်၊ ဘာသာရေးကျောင်းများ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းများ supermarket/ဈေးများအား ထိုးနှံ‌ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုထိုးနှံပေး‌သော တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို WHO က ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအပေါ် လိုက်ပြီး ကိုဗစ်ရောဂါ ဆိုးဆိုးရွားရွား အခြေအနေ မရောက်အောင်၊ ကိုဗစ်ကြောင့် ဆေးရုံတက် ရတာမျိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်" လို့ ခရမ်းမြို့နယ် မြို့မကျန်းမာရေးမှူး ထံမှ သိရသည်။

ကိုမင်း