မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

မြင်းခြံ အောက်တိုဘာ ၁

 မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ပထမ အကြိမ်အဖြစ် အသက်(၅၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို မြင်းခြံမြို့နယ်အတွင်းမှ နောင်းတိုင်၊ကွမ်းစိုက်၊ ပျော်ဘွယ်၊တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာ ကျန်းမာရေးဌာနခွဲ(၇)ခုနှင့် မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်တို့တွင် နေ့စဉ်ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။

မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့်အဖွဲ့ဝင်ဗိုလ်မှူး ထွန်းလင်း အောင်၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းများကပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး စက်တင်ဘာလ ၃၀ရက်နေ့ တွင် မြင်းခြံမြို့နယ်မှ အသက်(၅၅)နှစ်အထက်ပြည်သူ(၁၅၆၀)ဦးကို  ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်ခဲ့သည်။

အဆိုပါ ပထမအကြိမ်ဆေးထိုးပြီးသူ စုစုပေါင်း(၇၀၆၅)ဦးရှိပြီး အခြားကျန်ရှိနေသူများ ကိုလည်းကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)