ဂွ အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင ၊ ဂွမြို့နယ်တွင် နိုင်ငံတော်အစိုးရအနေဖြင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်း လုပ်ငန်းများကိုအစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး ပြည်သူများကာကွယ်ဆေးထိုးနှံနိုင်စေရေးဆောင်ရွက် ပေးလျှက်ရှိရာဂွ မြို့နယ်တွင် အသက်( ၄၅) နှစ်နှင့်အထက်ပြည်သူများနှင့်မသန်စွမ်းသူများ၊သတ်မှတ်ဦးတည်အုပ်စု အလိုက်ကာကွယ်ဆေးထိုးနှံရမည့်ပြည်သူအားကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို ဆေးထိုးစုရပ်(၃)ခုတွင်ယနေ့ နံနက် ၉ နာရီခွဲအချိန်မှစ၍ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့်မြို့နယ်ကျန်းမာရေးဝန်ထမ်း များက ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီးမြို့နယ်ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ရွှေရည်ဝင်းကျော်