ချောင်းဆုံမြို့နယ်တွင် (၁၇)ရက်တာကာလအတွင်း ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၃၀၁၉၃)ဦးရှိ

ချောင်းဆုံ  စက်တင်ဘာ 

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးသူ လျော့နည်းကျဆင်းလာသည်နှင့်အမျှ သေဆုံးမှုလျော့နည်းပပျောက်သွားစေရန်၊ ရောဂါပြန့်ပွားမှုကို တာဆီးထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ရှိပြည်သူများ ပူးပေါင်းပါဝင်လာခြင်းကြောင့် ဆေးထိုးစုရပ် (၁၅)နေရာတွင် (၁၇)ရက်တာ ကာလအတွင်းမှာ ပထမအကြိမ်ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၃၀၁၉၃)ဦးအထိ ရှိလာပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ က ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး ဦးစားပေးအုပ်စု၊ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးများ ကို ထိုးနှံပေးလျက်ရှိရာ မြို့နယ်တွင် ကာကွယ်ဆေး()ကြိမ် ပြည့်ထိုးနှံပြီးသူ ယနေ့အထိ ဦးရေ (၁၂၀၀၀)ခန့်ရှိပြီး ဖြစ်ကြောင်း၊ ယခုပထမအကြိမ်ထိုးနှံပြီးသူကိုလည်း  (၂၈)ရက်ကြာလျင် ဒုတိယ အကြိမ် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေး မြို့နယ်လုံးကျွတ် လွှမ်းခြုံနိုင်ရေးအတွက် နေ့စဉ်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ