ယင်းမာပင် အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခိုင် ၊ ယင်းမာပင်မြို့အတွက် (ဒုတိယအသုတ်) ပထမ အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) တစ်လုံးလျှင် (၅)ဦးနှုန်း ထိုးနှံပေးနိုင် သည့် ဆေးအလုံး (၁၀၀၀)၊ လူဦးရေ (၅၀၀၀)ဦးအား ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ယခု ဒုတိယအသုတ် (ပထမအကြိမ်) ရရှိသောကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယင်းမာပင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် နေထိုင်ကြသည့် မိဘပြည်သူများအား ထိုးနှံပေးသွားမည်ဖြစ်သည်။စက်တင်ဘာ (၂၈)ရက် နံနက်(၉)နာရီမှစ၍ စုရပ်နေရာများဖြစ်သည့် ယင်းမာပင်မြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ အမှတ်(၂)တွင် (၃၅)ဦး ၊စက်တင်ဘာ (၃၀)ရက် နေ့တွင် ယင်းမာပင်မြို့အခြေခံပညာအထက်တန်းကျောင်း ပညာဇွဲမာန်ခန်းမတွင် (၂၅)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့သည်။ ဒုတိယအသုတ် (ပထမအကြိမ်)အဖြစ် စက်တင်ဘာ (၁၇)ရက်နေ့မှ စတင်ထိုးနှံ ပေးခဲ့ရာ ၊ စက်တင်ဘာ (၃၀)ရက်နေ့အထိ စုစုပေါင်း (၃၂၆၀)ဦး ၊ မိဘပြည်သူများအား ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်းသိရသည်။
ယင်းမာပင်မြို့နယ်တွင် ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံရမည့် သတ်မှတ်ဦးတည် အရေအတွက်အားလုံးကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယင်းမာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမန်ကိုဟော ထံမှသိရသည်။
သန်းဌေး(သရက်)