ဖားကန့် စက်တင်ဘာ ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အလှူငွေထည့်ဝင် လှူဒါန်းခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဖားကန့်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖားကန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦစီးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဂွမ်ဆိုင်းလီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် အလှူရှင်များ၊ စေတနာ့ဝန်ထမ်း များနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ စုစုပေါင်း (၂၅)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြောင်း၊ အခမ်းအနား တက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပြီးနောက် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)