အင်းတော် အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အင်းတော်မြို့ သံဃာ့ဆေးရုံကြီးတွင် အောက်တိုဘာလ ၂ ရက်နေ့အထိ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး Covid Shield အား မြို့နယ်အတွင်းရှိ လူဦးရေ ၁၈၀၀ အားလည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကာကွယ်ဆေးအား ပထမအသုတ် (ဒုတိယအကြိမ်)အဖြစ် လူဦးရေ ၆၂၆၀ အား ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ကာကွယ်ဆေး ဒုတိယအသုတ် ( ပထမအကြိမ် ) အဖြစ် လူဦးရေ ၃၀၀၀ ဦးအား ထိုးနှံပေးခဲ့ပြီး ပထမအကြိမ် ဆက်လက်ထိုးနှံနိုင်ရန်အတွက် လူဦးရေ ၁၅၀၀ ဦးစာ ဆေးများကို ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း၊ အင်းတော်မြို့နယ်အတွင်းတွင် ကာကွယ်ဆေးထိုးနှံ နိုင်သည့် လူဦးရေ ( ၉၀၀၀၀ ) ဦးခန့်ရှိပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူ ( ၈၀၀၀ ) ကျော်ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးများ အပြည့်အဝ ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အင်းတော်မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကျော်သီဟ(ပြန်/ဆက်)