ညောင်တုန်းမြို့နယ်၌ ကျောင်းသားကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးစာရင်း ရေးသွင်းနိုင်ရေးသင်ကြားဆွေးနွေး

ညောင်တုန်း အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း အသက်၁၂နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေးအတွက် စာရင်းရေးသွင်းခြင်း လုပ်ငန်းများ သင်ကြားဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၁နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ကျောင်းသားကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို မကြာမီစီမံချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ပညာရေးဌာနနှင့် ညှိနှိုင်း၍ ကျောင်းဆရာ ဆရာမ ၁၀၀ ဦးတို့အား၅၀ဦးစီ ၂သုတ်ခွဲပြီး ဆေးထိုးစာရင်းပြုစုခြင်းနှင့် Excelရေးသွင်းခြင်းများ ပါဝင်ကူညီဆောင်ရွက်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်နှင့် မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလှိုင်တို့က ရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)