ကျိုက်မရော အောက်တိုဘာ ၂
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးတို့ ပူပေါင်း၍၂၀၂၁ခု နှစ်၊ အောက်တိုဘာလ၅ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့်
"ဆရာကောင်းတပည့်"ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နေ့လယ်၁၁နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ ၌ကျင်းပခဲ့ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက ဟောပြော ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အ.လ.က သင်ခန်းချောင် ကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်ဆွေက ဆရာကောင်း တပည့်ခေါင်းစဉ်ဖြင့် ပညာပေးဟောပြောခဲပြီး အမကမူလွန်အတ္တရံမြို့သစ်မှ ကျောင်းအုပ် ဆရာမကြီးဒေါ်ခင်လပြည့်ဝန်းက မြတ်ဆရာကျေးဇူးခေါင်းစဉ် ဖြင့်ဟောပြောပြီး အမကမူလွန် ကျောင်းအုပ် ဆရာမကြီး ဒေါ်ချိုချိုလွင်ကရေ နှင့်ကြာခေါင်းစဉ် များဖြင့် အသီးသီးပညာပေး ဟောပြောခဲ့ကြ ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)