တနိုင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းရှိ သာသနာ့ဝန်ထမ်းများအား နှာခေါင်းတို့ဖတ်(RDT Test Kit)ဖြင့် ရောဂါပိုး အခမဲ့စစ်ဆေးပေး

တနိုင်း အောက်တိုဘာ ၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီမှ စ၍ မြို့ပေါ်သီလရှင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် နှာခေါင်းတို့ဖတ်(RDT Test Kit) ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး  အခမဲ့ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စစ်ဆေးဆောင်ရွက်ရာတွင် တနိုင်းမြို့၊ ဆွတ်ငိုင်ရပ်ကွက်ရှိ သမိဒေါဓယ သကျဝံသီ သီလရှင် ကျောင်းတိုက်မှ သီလရှင်(၅)ပါး၊ဝေယျာဝစ္စ ဆောင်ရွက်သူ(၄)ဦးနှင့် ဆင်ဆာ့မ်ရပ်ကွက်၊ဇေယျာသီရိပရိယတ်တိစာသင်တိုက်မှ  သံဃာတော်(၁၈)ပါး၊ဝေယျာဝစ္စဆောင်ရွက်သူ(၇)ဦး၊စုစုပေါင်း (၃၄)ဦးတို့အား နှာခေါင်း တို့ဖတ်(RDT Test Kit)ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးဆောင်ရွက်ခဲ့ရာ  ၎င်းတို့တွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိရသည်။ အဆိုပါ ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့်အဖွဲ့ဝင်ဗိုလ်မှူးတေဇာအောင် တို့က ဆန်၊ဆီနှင့် ဝတ္ထုငွေများကပ်လှူခဲ့ကြကြောင်းသိရသည်။  

 ကျန်းမာရေး စစ်ဆေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့်အဖွဲ့ဝင် ဗိုလ်မှူးတေဇာ အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦး၊  မြို့နယ်သာသနာရေး ဦးစီးမှူး ဦးရဲဇော်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ဝါဝါ