သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးတွင်ကိုဗစ်-၁၉ ရောဂါဆိုင်ရာနှင့် ပတ်သက်သည့် သင်တန်းဖွင့်လှစ်

သံတွဲ      အောက်တိုဘာ    ၃

သံတွဲခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင် စိမ်းလန်းမြေကမ်းလက်များအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာနှင့် ပတ်သက်သည့် သင်တန်းကို ယမန်နေ့နံနက် ၉နာရီက အဆိုပါ ဆေးရုံ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ဆရာဝန်ကြီးဒေါက်တာရဲဝင်းထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့် အမှာ စကားပြောကြားသည်။

သင်တန်းသို့ သံတွဲမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတ လူမှုကူညီရေး အဖွဲ့များမှ သင်တန်းသား ၃၀ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြများဖြစ်ကြသည့် ဒေါ်မျိုးသီတာအောင်( တာဝန်ခံဓါတ်ခွဲမှူး)နှင့် ဦးသန်းဌေး( ဓါတ်ခွဲကျွမ်းကျင်-၄)တို့က PPE ဝတ်စုံ ဝတ်နည်း/ချွတ်နည်း၊ပိုးသတ်ဆေးသုံးစွဲနည်းနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်နည်းတို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း ဒေါ်မျိုးသီတာအောင် ထံမှသိရသည်။

အဆိုပါသင်တန်းကို သံတွဲမြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတ လူမှုကူညီရေး အဖွဲ့များမှ သင်တန်းသား ၄၅ ဦးခန့်အား အောက်တိုဘာ ၂ရက်နေ့မှ ၃ရက်နေ့ထိ နှစ်ဖွဲ့ခွဲ၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

  ခရိုင်(ပြန်/ဆက်)