မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေး

 

မိုးညှင်း   အောက်တိုဘာ   

   

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး (Phase 2) ဒုတိယအသုတ်အနေဖြင့် ပထမအကြိမ်ထိုးနှံပေးခြင်းကို အောက်တိုဘာ()ရက်နေ့တွင် သက်မှတ်သည့်နေရာများ၌ ထိုးနှံပေးခဲ့သည်။

 

   

ကာကွယ်ဆေးထိုးနှံရာ၌ မိုးညှင်းမြို့နယ်အတွင်းရှိ မိုးညှင်း၊ ဟိုပင်၊ နန်းမားနှင့် မော်ဟန်ဒေသများတွင် သံဃာတော်/သီလရှင်(၂၆)ပါး၊ ဌာနဆိုင်ရာဝန်ထမ်း(၇၈)ဦး၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း()ဦး၊ စေတနာ့ဝန်ထမ်း(၄၅)ဦး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်း()ဦး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ဝန်ထမ်း(၆၉)ဦး၊ အခြားဝင်ငွေရှိသောလုပ်ငန်းလုပ်ကိုင်သူ(၇၁၃)ဦး၊ စားသောက်ကုန်ပစ္စည်းရောင်းချ သူများ(၃၄၄)ဦး၊ မှီခို(၃၁၃)ဦး၊ မသန်စွမ်းသူ()ဦးနှင့် နာတာရှည်ရောဂါရှိသူ(၂၉)ဦး စုစုပေါင်း(၁၆၃၀)ဦး တို့ကို ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံမှုများဆောင်ရွက်ပေးခဲ့ပြီး အဆိုပါကာကွယ်ဆေးထိုး နှံပြီးသူများကို နိုဝင်ဘာလ ပထမအပတ်တွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဇွဲသူရအောင်(ခရိုင်ပြန်/ဆက်)