ရေး အောက်တိုဘာ ၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၌ အပြည်ပြည်ဆိုင်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် (Talk Show)ကို ယမန်နေ့ မွန်းလွဲ ၁နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးတို့ပူးပေါင်းဆောင်ရွက်ကြပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကျော်ကျော်ဦးက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ စတင်ဖြစ်ပေါ်လာပုံ၊ သက်ကြီး ရွယ်အိုများကို ပိုင်းခြားသတ်မှတ်ပုံ၊ ဘိုးဘွားရိပ်သာ၏ အဓိပ္ပါယ်၊ ဝန်ကြီးဌာနမှ ဘိုးဘွားရိပ်သာ များသို့ ထောက်ပံ့ပေးမှုများ၊ မြို့နယ်တွင်း လူမှုရေးပင်စင်ထောက်ပံ့ပေးနိုင်မှုများကို ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ၁၉၉၉ ခုနှစ် အောက်တိုဘာလ ၁ရက်နေ့ကစပြီး တစ်ကမ္ဘာလုံးမှ သက်ကြီး ရွယ်အို များ အထိမ်းအမှတ်နေ့ကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်ဆိုရင် (၂၂)နှစ်မြောက် ရှိပြီဖြစ် ကြောင်းသိရှိရပါသည်။
ခင်သိမ့်သိမ့်ရည်