ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ ဓနုဖြူမြို့နယ်သို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်

ဓနုဖြူ       အောက်တိုဘာ      ၂

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ရေလဲကြီးကျေးရွာအနီးရှိ  ကဥ္စနကျွန်းသာ ကုမ္ပဏီလီမိတက်သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့ သည် ယနေ့ နံနက်(၉)နာရီ မိနစ်(၄၀)အချိန်ခန့်ရောက်ရှိ၍ စပါးအခြောက်ခံစက်အား ကြည့်ရှု လေ့လာ ခြင်း၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ စပါးထုတ်လုပ်မှုများနှင့်ပတ်သက်၍ မေးမြန်းရာ တောင်သူ များမှ ဖြေရှင်းတင်ပြခြင်း၊ (၅)ဧကခွဲခန့်ရှိ စပါးစံပြစိုက်ကွက်အား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တမြာကျေးရွာအုပ်စု၊ တမြာကျေးရွာရှိ ဧရာဝတီမြစ်ရေတင်စီမံကိန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ မြစ်ရေတင်စီမံကိန်းဆောင်ရွက်နေမှုများအား အသေးစိတ်ရှင်းလင်းတင်ပြ၍ ဝန်ကြီးချုပ်မှ လိုအပ်သည်များ ညွှန်ကြားဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ ဓနုဖြူမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သော ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခြင်း၊ သဘောသပြုကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပြည်သူများထံပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများအား ခေတ္တကြည့်ရှုစစ်ဆေး၍ မြို့နယ် ဆရာဝန်ကြီးထံ အလှူငွေများ ပေးအပ်ခဲ့သည်။

        

ထို့နောက်ကျုံတနော်ကျေးရွာအုပ်စု၊ ကျုံတနော်ကျေးရွာရှိ လျှပ်စစ်ထရန်စဖော်မာဖွင့်ပွဲအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)