ရေးမြို့နယ် ရန်မျိုး​အောင်ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်း ပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရေး    အောက်တိုဘာ    ၂

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ရန်မျိုးအောင်ရပ်ကွက် မရမ်းကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက ရပ်မိရပ်ဖများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်းဆောင် ရွက်ပေး ခဲ့ကြသည်။ ထိုသို့ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၆၀) ခုတို့ ကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်