ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသည့် အသက်(၄၅) နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinovac) ဒုတိယအကြိမ် စတင်ထိုးနှံ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြ သည့် အသက်(၄၅)နှစ်အထက်ပြည်သူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) အား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၉ ရက်နေ့မှစ၍ သတ်မှတ် စုရပ်များတွင် စတင်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင်အသက်(၁၈)နှစ်အထက်ပြည်သူများအားတတိယအသုတ် (ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုနှံပြီးသူ(၇၀၀၀)ဦးရှိ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်အသက်(၁၈)နှစ် အထက်ပြည်သူများအားတတိယ အသုတ်(ပထမအကြိမ်)ကိုဗစ်-၁၉ကာကွယ်ဆေ း(Sinopharm)ကို စက်တင်ဘာလ၂၄ရက်မှ စတင်ပြီး ကျေးလက်ကျန်းမာရေးဌာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ဆိုင်ရာညွှန်ကြား ချက်များနှင့်အညီ ထိုးနှံပေးခဲ့ရာအောက်တိုဘာလ၂ရက်နေ့တွင် ထိုးနှံပြီးစီးခဲ့ပြီး ကာကွယ် ဆေးထိုးနှံပြီးသူပေါင်း(၇၀၀၀)ဦးရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre ) RCCသုံးထပ်ဆောင်တည်ဆောက်နေမှု  အားကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre )RCC သုံးထပ် ဆောင်တည်ဆောက်နေမှုအား ယနေ့နံနက်(၉:၃၀)နာရီအချိန်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှု   ရေးရာဝန်ကြီးဦးစိုးပိုင်မြင့်၊ မကွေးတိုင်းဒေသကြီးပြန်/ဆက်ဦးစီးမှူး၊ ခရိုင် ဦးစီးမှူး၊ မြိုနယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများကကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ကျိုင်းတောင်းမြို့၌ အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းရရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး စပါး၊ နမ်း၊ ပြောင်းစသည်တို့ကို ရာသီအလိုက်စိုက်ပျိုးကြရာ ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်း ရရှိကြောင်း သိရသည်။

ပွင့်ဖြူ၌ ကျေးရွာနေ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်စံပြကျေးရွာ အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရန် အများပြည်သူ လှူဒါန်းမှုဖြင့် တည်ဆောက်ထားသော အောက်ဆီဂျင် စက်ရုံဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ် ၅ရပ်ကွက်ရှိ အဆိုပါ အောက်ဆီဂျင်စက်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ ကျန်းမာရေးအသိပေးခြင်းနှင့် အသက်(၅၅)နှစ်အထက်ပြည်သူများနှင့် ဦးတည်အုပ်စုများ အလိုက် ကာကွယ်ဆေးထိုးနှံရန် လှည့်လည်နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ ကျန်းမာရေး အသိပေးခြင်းနှင့် အသက် (၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါရှိသူများနှင့် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရေး လှည့်လည် နှိုးဆော်ခြင်းများကို ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦး၏ ဦးဆောင်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်အဖွဲ့ ဝင်များက ရပ်ကွက်၊ ကျေးရွာများအလိုက် ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လှည့်လည် ဆောင်ရွက် ခဲ့ကြသည်။

မြိတ်မြို့တွင် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

နိုင်ငံသားတစ်ဦးချင်းစီ၏ နိုင်ငံသားအခွင့်အရေးများ ရရှိစေရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြည်သူများအား ရပ်ကွက်/ကျေးရွာများအရောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် ရေပုန်းရပ်ကွက် အလကကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ပွင့်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ် အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။

လှိုင်သာယာ(အနောက်ပိုင်း)အမှတ်(၁၆)ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်စံဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း  ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ  စာရင်းကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ၃ရက်၊ ယနေ့နံနက် ၉ နာရီခွဲက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ‌အမှတ်(၁၆)ရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to