ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ခိုလှုံနေကြသည့်ပြည်သူများအား  ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းရှိ  မညင်းကိုင်း ကျေးရွာအုပ်စု ကြိမ်နီပြင် IDPs  စခန်းတွင် ခိုလှုံနေကြသော ပြည်သူများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက်(၄၅) နှစ်အထက်နှင့် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် (Sinovac Corona vac)  ကာကွယ်ဆေးကို ယနေ့ နံနက် ၁၀ နာရီက ဆက်လက်ထိုးနှံပေးသည်။

လင်းခေးတွင် Semi Lock Down ချထားသော အိမ်ထောင်စု(၃၈)စုအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေးအတွက် Semi Lock Down ချထားသည့် နေရာများမှပြည်သူတို့ထံ ယမန်နေ့ မွန်းလွဲ ၃ နာရီက လင်းခေးမြို့၊ တောင်ရွာရပ်ကွက်ရှိ၊ ရပ်ကွက်ဓမ္မာရုံစုရပ်၌ မြို့နယ်စေတနာ အလှူရှင်များနှင့် မြို့နယ်ကိုဗစ် ကော်မတီက ပူးပေါင်းပြီး ၎င်းတို့ လက်ဝယ်အရောက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းကို ကိုးကန့်ယဉ်ကျေးမှု ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

တောင်သာမြို့နယ်အတွင်း၌ အသက်(၅၅)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်း၌ အသက်(၅၅) နှစ်အထက်ပြည်သူများအား  ပထမအကြိမ် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းကို  ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအားထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၅၄ )ဦးထပ်မံတွေ့ရှိ

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ လာရောက်၍ (RDT ) ဖြင့် ယမန်နေ့ ညနေ ၃နာရီအချိန်တွင် (၁၇၂)ဦး အားစစ်ဆေးရာ (၅၄)ဦး တွင် ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။

မြိတ်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းသွားလာသူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းသွား လာမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းတွင် ပုလဲမွန်လမ်းဆုံ၊ ပုလဲရတနာ ခန်းမအရှေ့၊ ဆိပ်ငယ်စျေးကြီး အနောက်လမ်းဆုံ နေရာများတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိပြီး လိုင်စင်မဲ့ မော်တော်ယာဉ်များအား စစ်ဆေးရေးအဖွဲ့များမှ ရှောင်တခင်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့ နယ်တွင်အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို အောက်တိုဘာ ၄ရက်နေ့တွင် စတုတ္ထအသုတ်၊ ပထမအကြိမ်ဖြင့် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် (၁၈၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော် လောင်းလှူပွဲ  ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာဆွမ်းဆန်တော်လောင်းလှူပွဲကြီးကိုနှစ်စဉ်  စည်ကားသိုက်မြိုက်စွာ    ကျင်းပလျက်ရှိရာ  ယခုနှစ်(၁၈၇)ကြိမ်မြောက်    ဆွမ်းဆန်တော် လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက ပြည်နယ်သာသနာ့ဗိမာန်တော်၌   ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီဆောင်ရွက်ခဲ့ရာ   မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မိခင်နှင့်ကလေး  စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များနှင့် အလှူရှင်ပြည်သူများက စုပေါင်းလောင်း လှူကြသည်။ 

ကျောက်မဲမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ်တွင် အထူးဈေးနှုန်းဖြင့် ရောင်းချနေသည့် စက်သုံးဆီဆိုင် ၂ ဆိုင်နှင့်  ပုံမှန်ဖွင့်လှစ်နေသည့် အခြားဆိုင်များအား  ယမန်နေ့က မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to