တောင်သာမြို့နယ်အတွင်း၌ အသက်(၅၅)နှစ်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်း၌ အသက်(၅၅) နှစ်အထက်ပြည်သူများအား  ပထမအကြိမ် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းကို  ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအားထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၅၄ )ဦးထပ်မံတွေ့ရှိ

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့ လာရောက်၍ (RDT ) ဖြင့် ယမန်နေ့ ညနေ ၃နာရီအချိန်တွင် (၁၇၂)ဦး အားစစ်ဆေးရာ (၅၄)ဦး တွင် ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။

မြိတ်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းသွားလာသူ များအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းသွား လာမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းတွင် ပုလဲမွန်လမ်းဆုံ၊ ပုလဲရတနာ ခန်းမအရှေ့၊ ဆိပ်ငယ်စျေးကြီး အနောက်လမ်းဆုံ နေရာများတွင် သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိပြီး လိုင်စင်မဲ့ မော်တော်ယာဉ်များအား စစ်ဆေးရေးအဖွဲ့များမှ ရှောင်တခင်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ အသက်(၁၈)နှစ်အထက်ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့ နယ်တွင်အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို အောက်တိုဘာ ၄ရက်နေ့တွင် စတုတ္ထအသုတ်၊ ပထမအကြိမ်ဖြင့် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် (၁၈၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော် လောင်းလှူပွဲ  ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာဆွမ်းဆန်တော်လောင်းလှူပွဲကြီးကိုနှစ်စဉ်  စည်ကားသိုက်မြိုက်စွာ    ကျင်းပလျက်ရှိရာ  ယခုနှစ်(၁၈၇)ကြိမ်မြောက်    ဆွမ်းဆန်တော် လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက ပြည်နယ်သာသနာ့ဗိမာန်တော်၌   ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီဆောင်ရွက်ခဲ့ရာ   မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မိခင်နှင့်ကလေး  စောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များနှင့် အလှူရှင်ပြည်သူများက စုပေါင်းလောင်း လှူကြသည်။ 

ကျောက်မဲမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ်တွင် အထူးဈေးနှုန်းဖြင့် ရောင်းချနေသည့် စက်သုံးဆီဆိုင် ၂ ဆိုင်နှင့်  ပုံမှန်ဖွင့်လှစ်နေသည့် အခြားဆိုင်များအား  ယမန်နေ့က မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်ထို မြို့နယ် လုံးကျွတ် ဝါဆိုသံဃာတော်များနှင့် သီလရှင်များအား ဆန်၊ဆီ၊ဆား၊ပဲ၊ လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ကျိုက်ထိုမြို့နယ်လုံးကျွတ် ဝါဆို သံဃာတော်များနှင့် သီလရှင်များအား ကိုဗစ်-၁၉ ကာလတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၄၁၉)ကျောင်းရှိ ရဟန်းသာမ‌ ဏေ နှင့် သီလရှင်(၃၇၆၄)ပါးအတွက် ဆန်၊ဆီ၊ဆား၊ပဲ၊လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မြို့နယ်သာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ အထူးဇုံဧက(၂၀၀) စံပြကွက် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ပျိုးသည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူး၊ တာ၀န်ရှိသူများနှင့် အထူးဇုံဧက(၂၀၀) စံပြကွက် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ပျိုးသည့် တောင်သူများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မီးသွေးဘုတ်ကျေးရွာအုပ်စု၊ နတ်ရေကန်ကျေးရွာ၊ ကွင်းအမှတ်(၄၆) စျ ရှိတောင်သူ ဦးကံတင်၏ စိုက်ခင်းနေရာတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးလျက်ရှိ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop) တွင် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးသန်းထွန်းအောင်က ပန်းခင်းစီမံချက် ဖြင့်  ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်စွက်ရေးသွင်းပေးခြင်း၊ အသေစာရင်း ပယ်ဖျက်ပေးခြင်းနှင့် စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက်  မြန်မာနှင့်စကောကရင်နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက် များနှင့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့သည်။
Subscribe to