လှိုင်သာယာ(အနောက်ပိုင်း)အမှတ်(၁၆)ရပ်ကွက်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်စံဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း  ကွင်းဆင်းဆောင်ရွက်ပေး

လှိုင်သာယာ    အောက်တိုဘာ    

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ  စာရင်းကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အောက်တိုဘာ၃ရက်၊ ယနေ့နံနက် ၉ နာရီခွဲက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ‌အမှတ်(၁၆)ရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနအနေ ဖြင့်“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့ဟူသောဆောင်ပုဒ်နှင့် အညီ မြို့နယ်အတွင်းရှိ ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းအခမဲ့ဝန်ဆောင်မှုပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ရုံးသို့သွားလာရေးအခက်အခဲရှိသော သက်ကြီးဘိုးဘွား များ၊မသန်စွမ်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် လာရောက်ရန်အခက်အခဲရှိသူများကို ရပ်ကွက်/ကျေးရွာများအရောက်ကွင်းဆင်းသွားရောက်၍ လိုအပ်သော အထောက် အထားများ စိစစ်ကာ စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးနေကြောင်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကို ထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းကမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က လှိုင်သာယာ(အနောက်ပိုင်း) မြို့၊အမှတ်(၁၆)ရပ်ကွက်ရှိပြည်သူများကိုပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်စွက်ရေးသွင်း ပေးခြင်း၊အသေစာရင်း ပယ်ဖျက်ပေးခြင်းများကို  အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ဝေဝေ(ပြန်/ဆက်)