ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်ပြည့်သူ့ဆေးရုံတွင် အောက်ဆီဂျင်ထုတ်စက်ရုံ ဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ ပြည်သူ့ဆေးရုံတွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မတည်ကာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှ အလှူရှင်များနှင့် ရပ်နီးရပ်ဝေးမှ အလှူရှင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကူညီလှူဒါန်းမှုဖြင့် တည်ဆောက်သော အောက်ဆီဂျင်ထုတ်စက်ရုံကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖွင့်လှစ်ခဲ့သည်။

ဟင်္သာတမြို့နယ်နေ ပြည်သူများအား “ပန်းခင်း” စီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေးလျက်ရှိ

 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ပြည်သူများအား “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၈ က ဟင်္သာတမြို့ ကုန်းကြီး အုပ်စု အလက ( ရွာသာကုန်း)ကျောင်းတွင်  မြို့နယ် ဦးစီးမှူးရုံးမှ ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဂန့်ဂေါမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၆၇၀)ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အဘိုး၊ အဘွားများအား ယနေ့နံနက် ၉ နာရီက လူမှုရေးပင်စင်ကို ဘိုးဘွားများ၏ နေအိမ်သို့သွား၍ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကော့သောင်းမြို့ ရွှေအဏ္ဏဝါ လူငယ်ပရဟိတ အဖွဲ့နှင့် တွေ့ဆုံမေးမြန်းခြင်း

ကော့သောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကော့သောင်းမြို့ ရွှေအဏ္ဏဝါ လူငယ်ပရဟိတ အဖွဲ့နှင့် တွေ့ဆုံမေးမြန်းခြင်း ကော့သောင်း အောက်တိုဘာ ၃ ကျော်စိုး(ကော့သောင်း)

စုကလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်ကစတင်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

ကျောက်ဖြူမြို့ရှိ  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူသွားလူလာများသည့်နေရာများနှင့် လမ်းဆုံ၊ လမ်းခွနေရာများ သို့သွားရောက်၍ နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ခင်ဦးမြို့၌ ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် Sticker Campaign ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ဆောင်ရွက်နေမှုကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ယနေ့တွင် ခရီးသွားမော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ လမ်းသွား၊ လမ်းလာပြည်သူများကို အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းနှင့် Sticker Campaign များ ဆောင်ရွက်ခဲ့သည်။

ရမ်းဗြဲ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Mask များ အခမဲ့ဖြန့်ဝေပေးနှင့် အသိပညာပေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ပေါ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေးနှင့် ကြိုတင်တားဆီး ကာကွယ်နိုင်ရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်နှင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးရာသီရေတိုက်စားခြင်းခံရသည့်အရှိန်ကြောင့် တောင်ကုတ်မြို့၌ချောင်းဘေးနေအိမ်အချို့ နောက်ဖက်ခန်းများ ချောင်းအတွင်းပြိုကျ

တောင်ကုတ်မြို့၊ဂူတာရပ်ကွက်၊ဦးဥတ္တမလမ်းဘေးဖက် တောင်ကုတ်ချောင်း ကမ်းပါးဖက်ခြမ်းတွင် တည်ဆောက်ထားသော နေအိမ်အချို့မှာ မိုးရာသီရေတိုက်စားခြင်းခံရသည့်အရှိန်ကြောင့် ကမ်းထိန်း နံရံပြိုပျက်ကာ နေအိမ်အချို့၏ တစ်စိတ်တစ်ပိုင်းမှာ ယနေ့ နံနက်(၁)နာရီ အချိန်တွင် ချောင်း အတွင်းပြိုကျခဲ့ကြောင်းသိရသည်။

မုဒုံမြို့၌ အောက်ဆီဂျင်စက်နှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီး၍ အောက်ဆီဂျင် အရည်များ အခမဲ့ဖြည့်သွင်းနိုင်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ဆရာတော်သံဃာတော်ကြီးများ၊ ဒေသခံ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းရှင်များ၊ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီး၍ အောက်ဆီဂျင်အရည်များကို အခမဲ့ဖြည့်သွင်းနိုင်ပြီး  ဖြစ်ကြောင်း သိရသည်။
Subscribe to