နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre ) RCCသုံးထပ်ဆောင်တည်ဆောက်နေမှု  အားကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်မောက်  အောက်တိုဘာ   ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre )RCC သုံးထပ် ဆောင်တည်ဆောက်နေမှုအား ယနေ့နံနက်(၉:၃၀)နာရီအချိန်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှု   ရေးရာဝန်ကြီးဦးစိုးပိုင်မြင့်၊ မကွေးတိုင်းဒေသကြီးပြန်/ဆက်ဦးစီးမှူး၊ ခရိုင် ဦးစီးမှူး၊ မြိုနယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများကကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက  နတ်မောက်မြို့ နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)RCCသုံးထပ်ဆောင် ဆောက်လုပ် နေမှုအားကြည့်ရှုခဲ့ရာ မကွေးတိုင်းဒေသကြီး ပြန်/ဆက်ဦးစီးမှူးက အဆောက်အဦအတွင်း အခန်းလိုက်ဖွဲ့စည်းထားပုံများကိုရှင်း လင်းပြောကြားခဲ့ပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုငွေ (၄၁၄.၀၁၀)ကျပ်သန်းဖြင့်တင်ဒါ   အောင်မြင်ခဲ့သော Moon & Space ကုမ္ပဏီမှတာဝန်ခံ အင်ဂျင်နီယာဦးဇင်မင်းအောင်က ပေ(၆၀´၇၀)RCC  သုံးထပ်ဆောင် ဆောက်လုပ်နေမှုအခြေအနေအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲ  တို့က နတ်မောက်မြို့နယ် ကန်ကြီးရပ်ကွက်ရှိပြည်သူမျာအား   ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်ပြုလုပ်နေမှုကို ကြည့်ရှုခြင်း၊ မြို့မကွက်သစ်ရပ်ကွက်အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်းရှိပေ(၁၄၀× ၃၀) RCC နှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု အားကြည့်ရှုခြင်း နှင့် ဈေးရပ်ကွက်အခြေခံပညာ မူလတန်း ကျောင်းဆောင်သစ် ပေ(၆၀´ ၃၀)RCC တစ်ထပ် ဆောက်လုပ်‌နေမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  တာဝန်ခံ ကျောင်းဆရာ/ဆရာမများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးနှင့် ကျောင်းများပြန်လည် ဖွင့်လှစ်ပါကအဆင်သင့်ဖြစ်စေရန် လိုအပ် သည့်အကြောင်းအရာများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဦးလှဝင်း