မလှိုင် အောက်တိုဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့က ဆေးထိုးအဖွဲ့(၄) ဖွဲ့ဖြင့် စုရပ်နေရာ(၄)ခု၌ ဦးတည်အုပ်စုများအလိုက် ဆက်လက် ထိုးနှံပေးခဲ့ ကြောင်းသိရသည် ။
အဆိုပါနေ့က ဆေးထိုးစုရပ်များဖြစ် သည့် အ.ထ.က ဆည်တို ၊ အ.ထ.က နှောကန် ၊ အ.ထ.က(ခွဲ) သုံးတောင် ၊ အ.လ.က ထန်းပင်ကန် စသည့် စုရပ်နေရာ (၄) နေရာ၌ ဦးတည်အုပ်စု(၂၃) အုပ်စုတွင် ပါဝင်သူများကို (Sinopharm) အမျိုးစား ကာကွယ်ဆေးများထိုးနှံပေးခဲ့ ရာ စေတနာ့ဝန်ထမ်း Volunteer (၃၆) ဦး၊ ဘုန်းတော်ကြီးနှင့် သီလရှင် (၈) ပါး၊ နိုင်ငံဝန်ထမ်း (၆) ဦး၊ အခြားဝင်ငွေ ရရှိသောလုပ်ငန်းများလုပ်ကိုင်သူ(၆ဝ၇)ဦး၊ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင် သူ( (၄ဝ၉) ဦး၊ မှီခိုသူ(၁၈ဝ၆)ဦး၊ မသန်စွမ်းသူ(၃)ဦး ၊ စုစုပေါင်း( ၂၈၇၅ ) ဦး ထိုးနှံ နိုင်ခဲ့ပြီး ဆေးထိုးရန် ကျန်ရှိနေ သူ များကို ဆက်လက်ထိုး နှံပေးသွားမည်ဖြစ်သည် ။
ကာကွယ်ဆေးထိုးနှံရာတွင် စနစ်တကျဖြစ်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး မည့် အစီအစဉ်များကိုရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည် ။
အောင်ဌေး(မလှိုင်)