နမ့်စန်(တ) အောက်တိုဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲချိန်၌ အမှတ်(၅) ရပ်ကွက်မှ အသက် ၂၈ နှစ်အရွယ်ရှိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အား ခွဲစိတ်၍ အောင်မြင်စွာကလေးမွေးဖွားပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
အဆိုပါအမျိုးသမီးမှာ ကလေးမွေးဖွားရန်အတွက် ယမန်နေ့ည ၈နာရီအချိန်ခန့်တွင် မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခြင်းဖြစ်ပြီး RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ ၎င်းထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ယမန်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ထိ နမ့်စန်ပြည်သူ့ဆေးရုံတွင် ယခုလူနာအမျိုးသမီးအပါအဝင် အမှတ်(၁)ရပ်ကွက်မှ ၃ ဦး ၊ အမှတ်(၂)ရပ်ကွက် မှ ၂ ဦး နှင့် အမှတ်(၄)ရပ်ကွက်မှ ၁ ဦး စုစုပေါင်း ကိုဗစ်ရောဂါအတည်ပြု ကိုယ်ဝန်ဆောင် ၇ ဦးကို အောင်မြင်စွာခွဲစိတ် မွေးဖွား ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယမန်နေ့ ခွဲလူနာမှာ ယောင်္ကျားလေး မွေးဖွားကာ မိခင်ကော ကလေးပါ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း မြို့နယ် ပြည်သူ့ ဆေးရုံမှ သိရသည်။
မြို့နယ်ပြန်/ဆက်