ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၁၄ ဦးထပ်မံတွေ့ရှိ

ကျောက်မဲ အောက်တိုဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၁၄  ဦးထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။

ကျောက်မဲမြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများအနေဖြင့် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာသူများအား ကိုဗစ် ၁၉ ပိုးရှိ/မရှိကို နေ့စဉ် စစ်ဆေးပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၁၄ ဦးထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါ ကိုဗစ် ၁၉ ပိုးဖြစ်ပွားသူများမှာ ကျောက်မဲမြို့ပေါ်ရပ်ကွက်များမှ ၃ ဦး၊ မိုင်းလုံမြို့မှ ၂ ဦး၊ နောင်ပိန်ကျေးရွာအုပ်စုမှ  ၆ ဦး၊ မောက်ငါးစန့်ကျေးရွာမှ ၁ ဦး၊ ကျောင်းကုန်းကျေးရွာမှ ၁ ဦး၊ ရဲရွာမှ ၁ ဦး ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ အောက်တိုဘာ  ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ စုစုပေါင်း ၁၄၈၂ ဦး ၊ သေဆုံးသူ ၇၈ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)