နမ့်စန်တွင်  ယမန်နေ့၌  ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၁၉ ဦးစစ်ဆေးတွေ့ရှိ

နမ့်စန်(တ) အောက်တိုဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်း မှ ယမန်နေ့ နေ့လယ်ပိုင်းအတွင်း  RDT Test kit စစ်ဆေးမှုအရ  အမျိုးသား ၁၁ ဦး  နှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၉ ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။   

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၍ လာရောက် ပြသသူများ အပါအဝင်သံသယလူနာ စုစုပေါင်း ၇၇ ဦးကို မြို့နယ ်ကိုဗစ်ရောဂါစစ်ဆေးရေး စင်တာ၌  ယမန်နေ့ နံနက်ပိုင်းမှ ယမန်နေ့ နေ့လယ် ၁နာရီအတွင်း RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ မက်မွန်မုန်းကျေးရွာအုပ်စု ၊ နမ့်မော်ခေါက်ဆင့်ကျေးရွာမှ အမျိုးသား ၁ ဦး ၊ ဝမ်ပုံကျေးရွာအုပ်စု ၊ အမှတ်(၁)ကျေးရွာ သုခိတာကမ္မဌာန်းကျောင်းမှ သံဃာတော် ၁ ပါး၊ အမှတ်(၁)ရပ်ကွက်မှ  အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၁ ဦး ၊ အမှတ်(၂)ရပ်ကွက်မှ  အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၁ ဦး ၊ အမှတ်(၃) ရပ်ကွက် မှ အမျိုးသား ၁ ဦး ၊ အမှတ်(၄)ရပ်ကွက် မှ အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၁ ဦး ၊ အမှတ်(၅)ရပ်ကွက်မှ အမျိုးသား ၂ ဦး ၊ အမျိုးသမီး ၄ ဦး ၊ အမှတ်(၅)ကျေးရွာအုပ်စု ၊ အမှတ်(၅) ကျေးရွာမှ အမျိုးသား ၁ ဦး ၊ အမှတ်(၆)ကျေးရွာမှ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း  ၁၉ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

မြို့နယ်မှတာဝန်ရှိသူများက အဆိုပါကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ ၁၉ ဦး ကို ပြည်သူ့ ဆေးရုံရှိ သံဃာဆောင်၊ ၄ ထပ်ဆောင်နှင့် ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ထားရှိကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့နေအိမ်ရှိ အတူနေမိသားစုဝင်များ၊ ထိတွေ့မှုရှိခဲ့သူများကို ၁၄ရက် အသွားအလာ ကန့်သတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့တွင် အောက်တိုဘာလ ၄ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍ ၁၈ ဦး ဆေးရုံဆင်းခဲ့ပြီး ယမန်နေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၁၉၁ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၁၀၃၀ ဦးနှင့် ဆေးရုံတွင် သေဆုံးသူ ၁၈ ဦး အပါအဝင် စုစုပေါင်း သေဆုံးသူ ၄၂ ဦး ရှိပြီ ဖြစ်ကြောင်းမြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။

မြို့နယ်ပြန်/ဆက်