ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်းပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံ

ကလိန်အောင် အောက်တိုဘာ 

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့တွင် ကိုဗစ်-၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိပြီး ၊ကိုဗစ်-၁၉ရောဂါကူးစက်ခံရသော်လည်း ပြန်လည် ကောင်းမွန်လာသူ ဒေါ်ဝင်းနု ၏ ရင်တွင်းစကားသံကို ဖော်ပြပေးလိုက်ရပါသည်။

ဒေါ်ဝင်းနု အမှတ်(၁)ရပ်ကွက်၊ ကလိန်အောင်မြို့) 

မင်္ဂလာပါရှင်..ကျွန်မကတော့ ကလိန်အောင်မြို့အမှတ်(၁)ရပ်ကွက်မှာနေထိုင်တဲ့ဒေါ်ဝင်းနု ဖြစ်ပါတယ်။အသက်ကတော့ (၅၉)နှစ်ရှိပါပြီ။ ကျွန်မ အမျိုးသားက နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြတဲ့အခါ မှာဆရာဝန်ကစစ်ဆေးကြည့်ပါပြောလို့  သွားစစ်ရာက ပိုးတွေ့တာ ဖြစ်ပါတယ်။ကျွန်မလည်းသံသယဖြစ်လို့စစ်ကြည့်လိုက်တာကူးစက်ခံရတာဖြစ်ပါတယ်။        ဒါကြောင့်ရေဖြူ ကိုဗစ်ကုသရေးစင်တာမှာသွားရောက်နေထိုင်ပြီးဆေးကုသမှုခံယူပါတယ်။                 ကျွန်မက အနံ့လည်းမပျောက်ဘူး။ အရသာလည်းမပျောက်ဘူး။ဖျားလည်းမဖျားဘဲနဲ့  positive ဖြစ်တာပါ။ ဆရာမတွေက ဆေးပေးပြီးလိုအပ်တဲ့ကုသမှုတွေလုပ်ပေးပါတယ်။ အရေးပေါ်လိုအပ်ရင် ခေါ်ဖို့ဖုန်းနံပါတ်တွေလည်းပေးထားတယ်။ ဆရာဝန်တွေညွှန်ကြားတဲ့ အတိုင်း လိုက်နာပြီးလေ့ကျင့်ခန်းလုပ်တယ်။ ကိုယ်ခံအားကောင်းအောင်နေတယ်။ အိပ်ရေး ဝအောင်အိပ်တယ်။ အားရှိစေတဲ့ အစားအစာတွေများများစားပါတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး အလှူရှင်တွေက နေ့တိုင်းရှိလို့အဆင်ပြေပါတယ်။ ကိုယ်စားချင်တာကို မှာယူ စားလို့လည်းရပါတယ်။

ရေဖြူကုသရေးစင်တာမှာ(၁၁)ရက်နေခဲ့ရပါတယ်။အိမ်ပြန်ရောက်တော့လည်း ဆရာမတွေ ညွှန်ကြားတဲ့ အတိုင်းလိုက်နာနေထိုင်လို့ကျွန်မ အမျိုးသားလည်းနေကောင်းနေပါပြီ။ ကျွန်မ ကတော့ ရောဂါအခံလည်းမရှိလို့သတ်မှတ်ရက်ပြည့်တာနဲ့ အိမ်ပြန်လာရတာဖြစ်ပါတယ်။ ကာကွယ်ဆေးကတော့ မထိုးရသေးပါဘူး။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပြီး စနစ် တကျနေထိုင်မယ်ဆိုရင်တော့ လွယ်လွယ်နဲ့ကူးစက်မခံရလောက်ပါဘူး။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရတဲ့အခါ ကာကွယ်ဆေးထိုးပါမယ်။ ဒါကြောင့် အားလုံးကိုလည်း ကာကွယ်ဆေးထိုးကြဖို့တို က်တွန်းချ င်ပါတယ်။

ကလိန်အောင်(ပြန်/ဆက်)