ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးမှုများစစ်ဆေးခြင်း ကြပ်မတ်ဆောင်ရွက်

ကျိုက်ဒုံ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကျိုက်ဒုံမြို့ တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အရှိန်အဟုန် မပြတ်နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကျိုက်ဒုံဒေသတွင်နေထိုင်သည့် ပြည်သူများအနေဖြင့် ဒေသအတွင်း ကူးစက်ပြန့်နှံ့မှုလျော့နည်း ပြတ်တောက်နိုင်စေရေး၊ ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် အရေး တကြီးမလိုအပ်ပဲနေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြုလုပ်ရန်၊ မဖြစ်မနေ အရေးအကြောင်း ကိစ္စဖြင့်ပြင်ပသို့သွားလာရပါက ယာယီအပြင်ထွက်ခွင့်ကတ်ပြား ယူဆောင်သွားရန် ပါးစပ်နှင့် နှာခေါင်းစည်း(mask)ကိုစနစ်တကျ တပ်ဆင်အသုံးပြုရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့်ညွှန်ကြားချက်များကို လိုက်နာမှုရှိ၊မရှိစစ်ဆေးခြင်း၊အသိပညာပေးခြင်း လုပ်ငန်း များကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်