မြဝတီမြို့၌ (၄)နှစ်ပြည့် ညွန့်ပေါင်း Old Star အထိမ်းအမှတ်  ၁၉ နှစ်အောက်ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊မြဝတီမြို့တွင် (၄)နှစ်ပြည့် ညွန့်ပေါင်း Old Star အထိမ်းအမှတ်  အသက်၁၉နှစ် အောက်ဖူ ဆယ်ဘောလုံးပြိုင်ပွဲကျင်းပခြင်းကို အာရှလမ်းမကြီးရှိ ဖူးဆယ်စတားကွင်းတွင် ယနေ့ နံနက်(၈) နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test kit ဖြင့် အခမဲ့စစ်ဆေးပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံ့မှုမရှိစေရန်အတွက် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေးခဲ့ ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးလာရောက်ထိုးနှံသူများ၏ ရင်တွင်း စကားသံများ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို  သတ်မှတ်စုရပ်များအလိုက် ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလာရောက် ထိုးနှံသူများ၏ ရင်တွင်းစကားသံများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်-

ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများ အခမဲ့ဖြန့်ဝေ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်သည့် အသိပညာများရရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရေးအတွက် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် ပိုစတာများကို အောက်တိုဘာလ ၆ရက် နံနက်ပိုင်းမှစတင်ကာပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

မလှိုင်မြို့နယ်တွင် ဒုတိယအကြိမ်(ပထမအသုတ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ရာနှုန်းပြည့်ထိုးနှံပြီးစီး

မလှိုင်မြို့နယ်တွင် ဒုတိယအကြိမ်(ပထမအသုတ်)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆး(Sinopharm)အား ယမန်နေ့ မွန်းလွဲ(၁၂)နာရီအချိန်တွင် ရာနှုန်းပြည့်ထိုးနှံပြီးစီးခဲ့ကြောင်းသိရှိရပါသည်။ မလှိုင်မြို့နယ် အနေဖြင့် (၁)လုံးလျှင် (၅)ဦးနှုန်းထိုးနှံသော ကာကွယ်ဆေး(၃၅၈၈)လုံး၊ လူဦးရေစုစုပေါင်း (၁၇၉၄၀) ဦးအတွက် ဆေးခွဲတမ်းရရှိခဲ့ပြီးနောက် (၂၃.၉.၂၀၂၁)ရက်မှစတင်၍ ဆေးထိုးနှံအဖွဲ့(၅)ဖွဲ့ဖြင့် စုရပ် အသီးသီးတွင် ဦးတည်အုပ်စုအလိုက် ဆေးထိုးနှံခဲ့ရာ (၅.၁၀.၂၀၂၁)ရက်နေ့တွင် ကျား(၇၃၆၀)ဦး၊ မ(၁၀၅၈၀)ဦး၊ စုစုပေါင်း (၁၇၉၄၀)ဦး ထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့်  ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များကို အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနနှင့် အဖွဲ့တို့သည်  မြို့ပေါ် ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်‌ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၊ အလယ်ကုန်းကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် အလယ်ကုန်း‌ကျေးရွာ အုပ်စုရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောစိုက်ဧက(၉၁၈)ဧက စိုက်ပျိုးထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောစိုက်ဧက (၉၁၈)ဧက စိုက်ပျိုးထားပြီး သံရွာ၊ ပုန်းညက်ကျေး၊ ရဲကြီး၊ အရှေ့ သာဂရ၊ ဖျောက်ဆိပ်ပင်၊ အနောက် ရေဖျားတော၊ အနောက်ငယ်တိုး၊ အနောက်ငါးဆူ၊ သင်ပျိုကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရပြီး သိရှိ ရသည်။

သာယာဝတီမြို့တွင် မြစ်မခရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် ပြိုလဲပျက်စီးနေအိမ်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း‌ ဒေသကြီး၊ သာယာဝတီခရိုင် ဦးစီးမှူးရုံးမှ ဒေါ်ဝင်းဝင်းမာနှင့် ဝန်ထမ်း များသည် ယမန်နေ့ ညနေ ၃ နာရီက စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ မြစ်မခမြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့်
Subscribe to