မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ယနေ့တွင် ရပ်ကွက်နှင့် ကျေးရွာများအရောက် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ တတိလှိုင်းနှင့် မိုင်းယောင်း ပရဟိတ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားလျက်ရှိရာ ဇူလိုင် ၅ ရက်မှ အောက်တိုဘာ ၅ ရက်အထိ သုံးလအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၅၉၀ ဦးဖြစ်ပြီး ဆေးရုံဆင်းခွင့်ရသူ ၄၀၇ ဦး၊ သုံးဦး သေဆုံးကာ လက်ရှိတွင် ၁၈၀ ဦး ကျန်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မောတောင်မြို့၊ အမှတ်(၉)ကျေးရွာ အုပ်စုအတွင်း “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများအား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဦးစီးမှူးရုံး မှ လဝကမှူးဦးတင့်နိုင်နှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်ထိ မောတောင်မြို့ အမှတ်(၉) ကျေးရွာအုပ်စု၊ အမှတ်(၃)ကျေးရွာ

မိုင်းယန်းမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး  ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ညွှန်ကြားချက်များ၊ ထုတ်ပြန်ချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် လမ်းဆုံနေရာများတွင် ယနေ့ နံနက် ၇ နာရီခန့်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ခြောက်ဦး ဆေးရုံဆင်းခွင့်ရသဖြင့် စုစုပေါင်း ဆေးရုံဆင်းသူ ၄၀၇ ဦးရှိပြီဖြစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်များသို့ တက်ရောက်ဆေးကုသခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ခြောက်ဦးအား ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီးဖြစ်သဖြင့် ယမန်နေ့တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ဂွမြို့တွင် စာပေချစ်သူများစာပေများ လေ့လာဖတ်ရှုနိုင်ရန်စေရန်ရည်ရွယ်၍ Onlineမှစာအုပ်မိတ်ဆက်ကဏ္ဍ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာပေချစ်သူများနှင့်လူငယ်လူရွယ်များ စာအုပ်စာပေ ဖတ်ရှုလေ့လာမှု ပိုမိုတိုးပွားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့်စာအုပ်စာပေမှဘဝ၏တိုးတက်အောင်မြင်မှုများ ရရှိပြီးအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ဂွမြို့ နယ်ရုံး ဝန်ထမ်းများမှ စာအုပ်မိတ်ဆက်ကဏ္ဍကိုOnline မှတစ်ဆင့်စီစဉ်တင်ဆက်ပေးလျက်ရှိသည်။

မိုင်းဖြတ်မြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၂၀ ဦးထပ်မံစစ်ဆေးတွေ့ရှိပြီး သက်သာ၍ဆေးရုံဆင်းသူ ၇ ဦးရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ယမန်နေ့က မြို့နယ်ပြည်သူ့ ဆေးရုံရှိ Covid-19 Fever Clinic သို့ ကျန်းမာရေး လာရောက်စစ်ဆေးမှု ခံယူသူ ၇၀ဦးအား RDT Test Kit  ဖြင့်စစ်ဆေးခဲ့ရာ အမျိုးသား(၆)ဦး၊အမျိုးသမီး(၁၄)ဦး၊ ပေါင်း (၂၀)ဦးထံ မှ ကိုဗစ်-၁၉ရောဂါပိုး  စစ်ဆေး တွေ့ရှိကြောင်း သိရသည်။

ကျိုက်ဒုံမြို့၌ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့နံနက် (၈) နာရီက (ပြန်/ဆက်)ဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်စာရေးဝန်ထမ်းများက အသံချဲ့စက်ဖြင့် ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာ၊ မြန်မာဘာသာဖြင ့်အသိပညာပေ းနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။
Subscribe to