လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာ အုပ်စု၊ ကရင်ကြီးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးကွင်းဆင်းဆောင်ရွက်

လောင်းလုံး အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဦးရေ စာရင်းများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျောက်ဆင်ကျေးရွာအုပ်စု၊ ကရင်ကြီးကျေးရွာ မူလတန်းလွန် ကျောင်း၌ ကွင်းင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လောင်းလုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ဝန်ထမ်းများက ကရင်ကြီးကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေပြည်သူများအား နိုင်ငံသားစိ စစ်ရေးကတ်များကို အသက်(၁၆-နှစ်ပြည့်/၁၈-နှစ်ပြည့်) ပြုလုပ်ပေးခြင်း၊ အသက် (၁၈)နှစ်ပြည့် လဲလှယ် ပေးခြင်းများ ဆောင်ရွက်ပေးရာ အသက် (၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၇) ခုအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍  မေလမှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ မွေးဖွားရာ ဇာတိတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိ ဇာတိတွင်အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိသူများနှင့် ရွေ့ပြောင်းနေသူ များအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လောင်းလုံးမြို့နယ်၊ ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ရေးမှူး၊ ဦးအောင် ထိုက်၊ မြိုနယ်ဦးစီးမှူးရုံးမှ   ဦးစီးအရာရှိ ဦဉာဏ်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက ပူးပေါင်း ပါဝင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သိန်းသိန်း (ပြန်/ဆက်)