ပေါက်တောမြို့နယ်ရှိတိုက်ပွဲရှောင်စခန်းများ၌ ခိုလှုံနေကြသောပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ

 

ပေါက်တော   အောက်တိုဘာ     ၆

 

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် ရှိ စစ်ဘေးရှောင်စခန်း ၃ခုရှိစစ်ဘေး‌ရှောင် ပြည်သူများအား  Sinovac (Corona vac) ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာစုရပ် ဘုန်းတော်ကြီးကျောင်းခြံဝင်းအတွင်း ဓမ္မာရုံတွင် ယမန်နေ့နံနက် ၁၀ နာရီက ထိုးနှံပေးသည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၀န်ထမ်းများနှင့် ကျေးရွာရှိ စေတနာ့ ဝန်ထမ်းများကလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။ ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ရာတွင်ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာကိုကိုအောင်ကြီး ကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများက ဆေးထိုးခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် တိုင်းတာပေး ခြင်းတို့ကိုပြု လုပ်ပေးကြပြီး ကာကွယ် ဆေးကိုဆက်လက်ထိုးနှံပေးကြသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာ၌စိုင်းတုတ် စစ်ဘေးရှောင်စခန်းစုရပ်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံလာသူ စိုင်း တုတ်တိုက်ပွဲရှောင် စခန်းမှအမျိုးသား/အမျိုးသမီး (၄၉)ဦး၊ ကံဆိပ်ကျေးရွာ တိုက်ပွဲရှောင်စခန်းမှ အမျိုးသား/ အမျိုးသမီး (၃)ဦး၊ နားဂွေကျေးရွာတိုက်ပွဲရှောင်စခန်းမှ အမျိုးသား/အမျိုးသမီး (၃) ဦးတို့အပါအဝင် တိုက်ပွဲရှောင် စခန်း ၃ ခုမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ လာကြသူ စုစုပေါင်း (၅၅)ဦးလာရောက် ထိုးနှံလာကြသည်ကိုသိရှိ ရသည်။‌

 

ပေါက်တော