သံတွဲ အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်တွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦး စီးမှူး ဦးမြင့်ဇော် နှင့် ၀န်ထမ်းများသည် အသက်(၁၆)နှစ်မှအသက်(၁၈)နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့် သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်လျက် ရှိရာ အောက်တိုဘာ ၅ ရက်နေ့က ငပလီမြို့ လင်းသာရပ်ကွက်သို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက် ၁၈ နှစ်အထက်နိုင်ငံသားစိစစ်ရေးကတ်ပြား ၆၅ ဦးသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် အဆိုပါပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ရာ တွင် ယနေ့ထိ အိမ်ထောင်စု စုစုပေါင်း(၄၅၅)စုအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၈၁၇)ခုကို ထုတ်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာ များသို့လည်းအလားတူ ကွင်းဆင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော် ထံမှသိ ရသည်။
ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်ရာသို့ သံတွဲမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်တို့ သွားရောက် ကြည့်ရှု အား ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)