ကျောက်ဖြူ အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် ၈ နာရီက စေတနာ့ ဝန်ထမ်း(ဆင့်ပွား)သင်တန်းကို ဖွင့်လှစ်ပို့ချကြောင်းသိရသည်။
ထိုသို့ဖွင့်လှစ်ပို့ချရာတွင် သင်တန်းနည်းပြဆရာများဖြစ်သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြတ်နိုးတွယ်တာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးနည်းပြဆရာမ ဒေါ်ခင်အုန်းမြင့်တို့က ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ဆောင်ရွက် ရာတွင် စေတနာ့ဝန်ထမ်းများ၏အခန်းကဏ္ဍ၊ စေတနာ့ဝန်ထမ်းတာဝန်နှင့် လုပ် ငန်းလမ်းညွှန်၊ ပြောဆိုဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှု၊ စိတ်လူမှုပိုင်း ဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ ဦးတည်အုပ်စုအလိုက် ဝန်ဆောင်မှုပေးခြင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများ၊ သက်ကြီးရွယ်အို များ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် နို့စို့ ကလေးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါ ဝေဒနာရှင်များ စသည့်သင်ခန်းစာများကို သင်တန်းသား၊ သင်တန်းသူများအား စာတွေ့လက်တွေ့ ပို့ချပြ သပေးသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ပရဟိတအသင်းလေးသင်းမှ သင်တန်းသား၊သင်တန်းသူ ၁၆ ဦး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ ၅ ဦး၊ စုစုပေါင်း သင် တန်းသား၊ သင်တန်းသူ ၂၁ ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး